သိမ်းငှက်၏သဘောသဘာဝ

▪️ သားရဲထဲမှာ ခြင်္သေ့က ဘုရင် ဖြစ်သလိုပဲ ငှက်တွေထဲမှာဆိုရင် လည်း သိမ်းငှက်က ဘုရင်ပါ။ ဘယ်လို ထူးခြားချက်တွေကြောင့်လဲ ?▪️ သိမ်းငှက်ရဲ့ Attitude ဆိုတဲ့ စိတ်နေသ ဘောထား ၊ သဘောသဘာဝ တွေကို လေ့လာ ကြည့်ရအောင်။

▪️ သိမ်းငှက်တွေက အမြင့်မှာဝဲပျံတယ်။အမြင့်ဆုံး Altitude မှာ တစ်ကောင်တည်းနေတယ်။ ပျံလွားတွေနဲ့ အဖော်မလုပ်ဘူး။ငှက်ပိစိ‌ လေးတွေနဲ့ ရောမနေဘူး။ သိမ်းငှက်ဟာ မျိုးတူ သိမ်းငှက်တွေနဲ့ပဲ ပျံသန်းတယ်။အုပ်စုဖွဲ့တယ်။ ဒါက ဘာဥပမာတွေနဲ့တူလည်းဆိုတော့ အုတ်ရောရောကျောက်ရောရောမနေဘူး၊ သာမာန်ငှက်တွေ လိုက်မမီတဲ့ အမြင့်ဆုံးမှာနေတယ်။ သဘောထားသေးသိမ်သူတွေနဲ့ ဝေးဝေးနေတယ်။ အပျက်သဘော အနုတ်လက္ခဏာ သဘောဆောင်သူ တွေနဲ့ ဝေးဝေး နေတယ်။ တွေတာနဲ့ အဆင်မပြေကြောင်း၊မဖြစ်နိုင်ကြောင်း၊ အောင်မြင်မှာမဟုတ်ကြောင်း၊စိတ်ဓတ်ကျကြောင်း စသည်ဖြင့် ဒါတွေပဲ ပြောတတ်တဲ့သူတွေ နဲ့ ဝေးဝေး နေဖို့လိုတယ်။

▪️ သိမ်းငှက်ဟာ အမြင် နဲ့ မျော်မှန်းချက် ရှိတယ်။ ၅ကီလိုမီတာလောက်ကနေ သားကောင်ကို သေချာလေ့လာတယ်။ တိကျတဲ့ ရည်မှန်းချက်ရှိတယ်။ အမြင့်ဆုံးကနေ တိကျတဲ့ Focus နဲ့ သားကောင်ကိုဖမ်းတယ်။ သားကောင်ကို မသုတ်ခင်မှာ အာရုံစိုက်မှုနဲနဲမှ ဖယ်ခွာမသွားဘူး။ ဘဝ မှာလည်း အောင်မြင်မှုအတွက် မျက်ခြေမပြတ် တစိုက်မတ်မတ် အာရုံစူးစိုက်သင့်တယ်။

▪️ သိမ်းငှက်က သေပြီးသား အသားတွေကို မစားဘူး။လတ်လတ်ဆတ်ဆတ် သားကောင်ကိုပဲ ရှာ စားတယ်။ ဘာသဘောနဲ့ တူလဲဆိုတော့ အတိတ်ကအောင်မြင်မှုတွေ အပေါ်မှီခိုမနေဘူး။ အတိတ်က ဖြစ်ရပ်တွေ ထက် အနာဂတ်ကို ပဲ စိတ်ဝင်စားတယ်။ အတိတ်မှာပဲ ပိတ်မိမနေပဲ အနာဂတ်အတွက် လက်ရှိ အချိန်ကို အသုံးချတယ်။

▪️ တိမ်တွေ စုလာရင် သိမ်းငှက်စိတ်လှုပ်ရှားတယ်။ လေမုန်တိုင်းကို သုံးပြီး အမြင့်ကိုပိုရောက်အောင် လုပ်တယ်။ ပြင်းထန်တဲ့ လေကိုသုံးပြီး တိမ်တွေပေါ်‌ထိရောက်အောင်လုပ်တယ်။ အောင်မြင်သူတွေဟာ အခက်အခဲတွေကိုမကြောက်ဘူး။ အကျိုးရှိအောင်အသုံးချတယ်။

▪️ သိမ်းငှက်အမက အထီးနဲ့ တွေ့ရင် အမက အထီးရဲ့ ကတိသစ္စာကို စမ်းသပ်တယ်။ ဘဝ နဲ့ အလုပ်အတွက် အဖော်မွန် ဖြစ်ဖို့ ကတိတရားတွေကို စမ်းသပ်ဖို့သင့်တယ်။

▪️ နောက်ထပ် ရှိသေးတယ်။ သိမ်းငှက်တွေက သူ့ကိုသူ အမြဲပြုပြင်နေတယ်။ အရည် အသွေးမ မီ တဲ့ အမွေးအတောင်တွေကို ထုတ်ပစ်နေတယ်တယ်။ အမြဲ ‌ပျံသန်း လေ့ကျင့်နေတယ်။ နေရာသစ်တွေကိုလည်း ကျက်စားတယ်။ ဒါက ဘာပြောနေသလဲဆိုတော့ သင် Comfort Zone ထဲက ထွက်ရမယ်။ သက်သက်သာသာ နေရာမှာ သင်ဟာ ကြီးထွားလာမှာ မဟုတ်ဘူး။

▪️ သိမ်းငှက်တွေ အိုမင်းလာရင် သူတို့အမွေးအတောင်အသစ်တွေ ထွက်ဖို့ အနာခံပြီး လုပ်ဆောင်တယ်။ ရင့် နေတဲ့ အမွေးတွေ ဆွဲနုတ်ပစ်တယ်။ ခြေသည်းတွေကို ဆွဲနုတ်ပစ်တယ်။ အသစ်ထွက်လာအောင် လုပ်တယ်။ဒီလိုပဲ ဘဝမှာ အကျိုးမရှိတာတွေ၊လေးလံနေတာတွေ၊ သုံးမရတဲ့ အကျင့်တွေ ကို ဘယ်လောက်ပဲ ခက်ခဲပါစေ ရဲရဲဝံ့ဝံ့ စွန့်ပစ်လိုက်ဖို့ လိုပါတယ်။

▪️ ခေါင်းဆောင်တွေ ထားရမယ့် စိတ်သ ဘောထားကို သိမ်းငှက်တွေဆီမှာ တွေ့ ကြရတာပါ။ သိမ်းငှက်နဲ့ ပတ်သက်လို့ Jole Osteen ဆိုသူ ပြောတာလေးတစ်ခုအမှတ်ရလို့ ပြန်ပြောပြချင်ပါသေးတယ်။ " သင့် ကို သူများတွေ အပြစ်တွေ ဝိုင်းပြောနေကြတယ်။ မနာလိုဖြစ်နေကြတယ်။ သင်သေးသိမ်သွားအောင် ပြောနေကြတယ်ဆိုရင် သင်မှတ်လိုက်ပါ ၊ သင်ဟာ ကျီးကန်းတွေရဲ့ Level မှာပဲ ပျံသန်းနေလို့ပါ ။ သင် သိမ်းငှက် တွေ ပျံတဲ့ အမြင့်အထိ ပျံလိုက်ရင် ကျီးကန်းတွေ မလိုက်နိုင်တော့ပါဘူး။ အမြင့်ဆုံးမှာ ပျံဝဲပါ။ ကျီးကန်းတွေ လိုက်မမီတဲ့ နေရာမှာနေလိုက်ပါ။ ဒါဆို ကျီးကန်းတွေ သင့်ကို မြည်တွန်မနေနိုင်တော့ပါဘူး" တဲ့။

▪️ လောကကြီးမှာ ဒီလိုပါပဲ ။ မတိမ်းမ ယိမ်း ပဲကိုယ့်ထက် သာနေသူကို ကျန်သူတွေဟာ “မနာလိုစိတ်” ဝင်ပါတယ်။ ဒါပေမယ့် ကိုယ့်ထက် အရမ်းကို သာသွားပြီ သူတို့လိုက်မမီနိုင်လောက်တော့ဘူး လို့ ယုံကြည်သွားရင်တော့ ” အားကျစိတ် ” တွေ အဖြစ်ပြောင်းသွားပါတယ်။
▪️ အဲဒါကြောင့် သင့်ရဲ့ အရည်အချင်းကို သူများတွေ မနာလိုရုံအဆင့်မှာ ပဲ ရပ်မထားပဲ အားကျ သွားတဲ့ အခြေအနေရောက်နိုင်အောင် သင်ကြိုးစားရမှာပါ။ သိမ်းငှက်လို အမြင့်ဆုံးကို ပျံတက်နိုင်အောင်ကြိုးစားပါ။

▪️ ဘဝ အခြေမြင့်သလို စိတ်အနေအထားတွေကလည်း ဟိုး အမြင့်ဆုံးမှာ တွေးခေါ် ကျက်စား နိုင်မယ်ဆိုရင်တော့ သင်ဟာ သာမန်လူတွေ အားကျရတဲ့၊ အားလုံးကို အပေါ်စီးက လွမ်းခြုံကြည့်နေ ခွင့် ရတဲ့ သိမ်းငှက်လို ဘုရင် ဖြစ်လာမှာ အသေအချာပါပဲ။

ကျေးဇူးတင်ပါတယ်

ရဲထွဋ်ခေါင်

Inspired from YouTube and Joel Osteen talks.

Design a site like this with WordPress.com
Get started