စိတ်နေစိတ်ထား

တိရိစ္ဆာန်ထဲမှာ အကြိုက်ဆုံး တိရိစ္ဆာန် တွေ ရှိတယ်။ သူတို့ရဲ့ သဘောသဘာဝ တွေဟာ သတိထားစရာတွေဖြစ်တယ်။ အထူးသ ဖြင့်ခေါင်းဆောင်တွေ အတုယူသင့် တဲ့ သဘောသဘာဝတွေ သူတို့ဆီမှာ ရှိနေတာ ကို တွေ့ရပါတယ်။ တစ်ကောင်က ခြင်္သေ့။ တစ်ကောင်က သိမ်းငှက်။ ခြင်္သေ့ အကြောင်း အရင်ပြောချင်တယ်။ ( သိမ်းငှက် က နောက် နေ့ ပေါ့)) ခြင်္သေ့ဆိုတာ တိရိစ္ဆာန်တွေထဲမှာ သစ်ကုလားအုတ်လို အရှည်ဆုံး မဟုတ်ဘူး။ ဆင်လို အကြီးဆုံးမဟုတ်ဘူး။ ကြံ့လို အလေးဆုံးမဟုတ်ဘူး။ မြေခွေးလို အပါးနပ်ဆုံး မဟုတ်ဘူး။ ဒါပေမယ့် သူက ဘုရင် ပဲ။ သူက သတ္တိရှိတယ်။ တည်ကြည်တယ်။ သူ့ကိုသူ ယုံကြည်တယ်။ သူက ဘယ်သူ့မှ မကြောက်ဘူး။ ဘယ်အကောင်ပဲ တွေ့တွေ့ သူရဲ့ သားကောင် အဖြစ်ပဲ မြင်တယ်။ အကြွင်းအကျန်မစား တတ် ဘူး။ ဒါသူ့ရဲ့ စိတ်နေစိတ်ထားပဲ။

ဖတ်ဖူးထားတာ ရှိတယ်။ ခြင်္သေ့ ခေါင်းဆောင်တဲ့ သိုးတစ်အုပ် က သိုးခေါင်းဆောင်တဲ့ ခြင်္သေ့တစ်အုပ်ထက် ပို သတ္တိရှိနိုင်တယ် တဲ့ ။ ပို မို တောင့်တင်းခွန်အား ရှိနိုင်တယ်တဲ့။ခေါင်းဆောင်ဖြစ်သူ အပေါ်မူတည်နေလို့ဖြစ်ပါတယ်။ ခေါင်းဆောင်ကြောင့် ငယ်သားတွေ ပြောင်းလဲကုန်ကြတယ်။ ခေါင်းဆောင်ကြောင့် ငယ်သားတွေ ပို သတ္တိပိုရှိလာနိုင်တယ်။အမြင်တွေရှင်းသွားနိုင်တယ်။ ယုံကြည်စိတ်တွေ ရှိလာစေနိုင်တယ်။အားအင်တွေ ရလာစေနိုင်တယ်။ပိုမို ညီညွတ်လာစေနိုင်တယ်။ အရေးကြိးတာ ခေါင်းဆောင်ပဲ ။ ခေါင်းဆောင် ရဲ့စိတ်နေစိတ်ထားပဲ။ ခေါင်းဆောင်ဆိုတာ ဝါးတားတား မလုပ်ဘူး။ ဟိုလိုလို ဒီလိုလို မဖြစ်ဘူး။ ပြတ်သားတယ်။ ရဲရင့်တယ်။‌ မျော်တွေးတတ်တယ်။ နောက်လိုက်တွေကို ယုံကြည်မှုတွေကိုပေးတယ်။ စိတ်ဓတ် ကျနေတဲ့ ဒုက္ခသည်စခန်း ကြားမှာ ခေါင်းဆောင်တစ်ယောက် မိနစ် နှစ်ဆယ်လောက် ဖြတ်လျောက် ရင်း ထိတွေ့ ပြောဆိုလိုက်တယ်ဆိုရင်ပဲ စိတ်ဓတ် တွေ ပြောင်းလည်းသွားကြတယ်။ ခွန်အားတွေရှိသွားကြတယ်။ ရဲရင့်တဲ့ စစ်သည်တော်တွေ အဖြစ် ပြောင်းလည်း သွားစေတယ်ဆိုတာ ခေါင်းဆောင် ကြောင့်ပဲ ။ လောကမှာ ခေါင်းဆောင်တွေကို သဘောကျတာ အဲဒါပဲ။ သူတို့ကိုယ်တိုင်တင်မက ဘူး ကျန်တဲ့ သူတွေကိုပါ အတွေးအခေါ် ပြောင်းစေတယ်။ စိတ်နေစိတ်ထား မြင့်မားစေတယ်။ သူ့ကိုမြင်လိုရင် အားတက်စေတယ်။ သူပြောလိုက်တာ ကြားရရင် ချက်ချင်းလိုက်ပါလုပ်ဆောင်ချင်လာတယ်။ ခြင်္သေ့ စိတ်ထားက နေ ခေါင်းဆောင် တွေအတွက် နမူနာ ယူစရာ သဘောသဘာဝ ကို သုံးသပ်ကြည့်တာပါ။ လူ့လောကမှာတော့ ခေါင်းဆောင်တွေ ကို တစ်သမတ်တည်းတော့ အားကိုးလို့မရဘူးပေါ့။ သူ့ခေတ်နဲ့ သူ သု့အချိန်အခါနဲ့ သူ ပေါ့။ တိုင်းပြည်ကို ခေါင်းဆောင်တဲ့အခါမှာ တော်တာ နှစ်မျိုးရှိတယ်။ ပထမက တော်လှန်ရေး အပိုင်း၊ ပြုပြင်ပြောင်းလည်းရေး အပိုင်း တော်တာ ၊ ဒုတိယက တည်ဆောက်ရေးအပိုင်း တော်တာ ။ မော်စီတုန်းဟာ ပြုပြင်ပြောင်းလည်းရေးမှာသိပ်တော်ခဲ့ပေမယ့် တိုင်းပြည်ချမ်းသာလာတာ သူ့ကြောင့်မဟုတ်ဘူး။ တိန့် ရှောင်ဖိန်ကြောင့်ဆိုတာ တရုတ်အရေးလေ့လာသူတွေ သုံးသပ်မိကြတယ်။ သူ့ကြောင့် တရုတ်က စီးပွားရေး တက်ခဲ့တာ။ ခေါင်းဆောင်တွေလည်း အားသန်ရာ အားသန်ရာ တော့ရှိမှာပေါ့။ ခေါင်းဆောင်မှာလည်း တော်တယ်ဆိုတာ ခြင်းချက်ရှိတတ်တယ်ဆိုတာ (ဥပမာ ပြောတာပါ) ဘာပဲ ပြောပြော၊ ခြင်္သေ့ရဲ့ စိတ်နေစိတ်ထားတွေ ကို ကြိုက်တယ်။ သူ့ စိတ်နေစိတ်ထားကို အခြား တိရိစ္ဆာန်တွေ လေးစားကြတယ်။ အဓိက က အမြင်တွေ ကွာလို့ပါ။အခြားသူတွေလို သာမာန် အမြင်မျိုး မဟုတ်တတ်ဘူး။ မြင်ပုံ မြင်နည်း က တစ်ခါတစ်ခါ ဆန့်ကျင်ဘက်တောင် ဖြစ်နေတတ်တယ်။ ခြင်္သေ့ ဆိုတဲ့ သတ္တဝါက သူ့ထက်ဘယ်လောက်ကြီးကြီး၊ရှည်ရှည် ၊လေးလေး၊ သူမျက်စိထဲမှာ သူ့ရဲ့ Lunch (နေ့လည်စာ )လို့မြင်တယ်။သူစားချင်ရင် စားလို့ရတယ်လို့မြင်တယ်။ သူရဲ့ သားကောင်လို့ မြင်တယ်။သူသနားမှချမ်းသာရာ ရမယ် လို့မြင်တယ်။ အခြား တိရိစ္ဆာန် တွေက ခြင်္သေ့ကို မြင်တဲ့ အခါ သူ့တို့စိတ်ထဲမှာ တညီတညွတ်တည်း လက်ခံထားတာ ရှိတယ်။ အဲဒါက "သူ့တို့ကို စားမယ့် အကောင် " (Eater) လို့ တညီတညွတ်တည်း လက်ခံလိုက်တာပါပဲ။ ဒါကြောင့် ခြင်္သေ့ကို တွေ့တာနဲ့ ပြေးတာပဲ။

အဓိက ကတော့ ခေါင်းဆောင် တွေမှာ Attitude လို့ခေါ်တဲ့ စိတ်နေသ ဘောထား ကြီးကျယ် ခမ်းနားလို့ပါပဲ။ အဲဒီ စိတ်နေသဘောထားက ယုံကြည်မှု ဆိုတဲ့ Believe ကနေလာပါတယ်။ မိမိခံယူထားတဲ့ ယုံကြည်ချက်၊အမြင် နဲ့ သဘောထားအပေါ်မူတည်ပြီး ပြုမူဆောင်ရွက်ကြတာတွေ က ကွဲပြားခြားနားသွားတတ်ကြတာဖြစ်ပါတယ်။

သင်လည်း သင့်ကိုယ်သင် ဘယ်သူလို့မြင်ပါသလဲ၊ ဘာတွေကို ယုံကြည် လက်ခံထားပါသလဲ။ ဘယ်လို စိတ်သဘောထားတွေ ရှိပါသလဲ။ သေချာတာကတော့ အဲဒီ စိတ်နေ သဘောထားတွေ အတိုင်း သင်ဖြစ်တည်လာ လိမ့်မယ် လို့ ယုံကြည်ပါတယ်။

ကျေးဇူးတင်ပါတယ်

ရဲထွဋ်ခေါင်

Crd. Inspired from YouTube

Design a site like this with WordPress.com
Get started