ရည်းစားဟောင်းနဲ့ပြန်တွေ့တဲ့အခါဘယ်လိုဆက်ဆံသင့်သလဲ

ရည်းစားဟောင်းနဲ့ပြန်တွေ့တဲ့အခါဘယ်လိုဆက်ဆံသင့်သလဲ

⛔ ခုတလော… လမ်းခွဲတာတွေ အရမ်းများလာတယ်။ နိုင်ငံတကာမှာလည်း ရှိတယ်။ ကိုယ့်ပတ်ဝန်းကျင် မှာလည်း ရှိနေတယ်။

⛔ စံပြ အဖြစ် အကုန်အားကျနေခဲ့ကြရတဲ့ ဘရတ်ပစ် တို့ အိမ်ဂျလီနာဂျိုလီ တို့ တောင် တရားအပြန်အလှန်ဆွဲကုန်ကြပြီ။ ရော်နယ်ဒို တို့လည်း လမ်းခွဲ။ ဆောင်းဟေဂျို တို့ မမ နဲ့ မောင်လေး ကိုးရီးယားတွဲ လည်း ခွဲသွားပီ။သူတို့စုံတွဲရုပ်တုနဲ့ ထုလုပ် ဂုဏ်ပြုခဲ့တဲ့ ပန်းခြံတောင် ဘယ်လိုလုပ်ရမလဲ ပြန်တိုင်ပင်နေကြရပီ။⛔ ဂျာနယ်လစ်တွေ ကလည်း အချစ်စစ်ဆိုတာ တကယ်မရှိတော့ ဘူး ဘာညာ ပေါ့။ဂျာနယ်တွေမှာ ရေးသားလာရတဲ့အထိ Idol တွေထဲက လုံးဝ မထင်မှတ်သူတွေ လမ်းခွဲ ခဲ့ကြတယ်။

⛔ မြန်မာမှာလည်းအတော် များများလမ်းခွဲကြတယ်။သင်ဇာတို့၊နေခြည်ဦးတို့ လည်း ခွဲကြတယ်။ သဘောထားမတိုက်ဆိုင်တော့ဘူး၊မဖြစ်နိုင်တာ တောင်းဆိုတယ် ဘာညာပေါ့။လော လောဆယ် သူရိယနဲ့ ဆုအိမ့်စံတို့ လည်း ခွဲလာကြတယ်​ကြားရပြန်တယ်။တ ရားတောင်စွဲကြမယ်လို့လည်း ကြားနေရတယ်။ အခြားလမ်းခွဲတာတွေလည်းအများကြီးရှိ​ နေမှာပါ။ဒါတွေကသိပ် အထူးဆန်းကြီးတော့ မဟုတ်ပါဘူး။ ဆယ်လီတွေ ဆိုတော့ ဂျာနယ် မဂ္ဂဇင်းတွေ အကြိုက်လည်းဖြစ်သလို လူမှူကွန်ယက်သတင်းတွေ မှာလည်း ပိုနေရာ ယူတာပေါ့။အချို့ဆို လူစိတ်ဝင်စားအောင် သတင်းမှား ချပေးတာမျိုးတောင်ရှိတယ်။

⛔ မိုက်ကယ်ဂျက်ဆင်ဆိုလည်း လူတွေ ပါးစပ်ဖျားမှာ ရေပန်းစားမှူက အဆင့်တစ်ကနေ ကျဆင်းလာလို့ ဆယ်ကျော်သက် ကလေးတစ်ယောက် နဲ့ ဘာညာ ဘာညာ ဆိုပြီး ပြသနာတွေ တက်ကြသေးတယ်။ အကြံပေးတစ်ချို့ရဲ့ အကြံပေးချက်အတိုင်းစတန့်ထွင်တယ်လို့ယူဆသူတွေ ရှိတယ်။ ဂျွန်လွင်ကလည်း ပြောဖူးသေးတယ်။ လူတွေ သူ့ကိုဆဲနေကြတယ်ဆိုတာ သူ့ကိုလူတွေ မမေ့သေးတဲ့သဘောပဲတဲ့။သူအနုပညာလောကမှာ ဆက်နေလို့ရသေးတယ်တဲ့။ လူတွေ စိတ်ဝင်စားကြသေးလို့ သူအောင်မြင်တယ်လို့တောင်‌ ယူဆနေတာရှိပါတယ်။နှလုံးသားရေးရာတွေ၊အပုတ်သတင်း တွေ၊ အတင်းအဖျင်းတွေ ကို စိတ်ဝင် စားတတ်ကြတာ လူ့သဘောသဘာဝတစ်ခုလို ဖြစ်နေပါပြီ။

⛔ ငယ်သူတွေဆိုပိုဆိုးတာပေါ့။ စိတ်ခံစားမှု အရ ငယ်ရွယ်သူအများစုဟာ အချစ်ကလည်း မတည်ငြိမ်တတ်သေးဘူး။ အမုန်းဆိုတာလည်း မတည်ငြိမ်တတ်သေးဘူးလေ။ သိပ် မုန်းတာပဲဆို​ ပေမယ့် ပြန်ချစ်သွားတတ်သေးတယ်။ ထားပါတော့။ အခန့်မသင့်ရင် လမ်းခွဲကြတတ်တာပါပဲ။ ကိုယ့်ချစ်သူဖောက်ပြန်သွားရင် လမ်းခွဲတတ်ကြသလို ကိုယိက ပိုချစ်တဲ့သူတွေ့မိပြန်ရင်လည်း စွန့်လွတ်ထားခဲ့ကြတတ်တာပါပဲ။ဘယ်လောက်ချစ်တယ် ပြောပြော အခြေအနေတစ်ခုမှာ လမ်းခွဲသွားတတ်တာလည်း သဘာဝတစ်ခုပါ။

⛔ ကျွန်တော် ပြော ချင်တာက လမ်းခွဲ ပြီး လို့ တစ်နေနေရာမှာ ပြန်တွေ့ရင်ဘယ်လိုနေကြမလဲ။ဘယ်လိုဆက်ဆံကြမလဲ။နေ ခက်ကြီးနေမှာ။ ဟိုဘက်လှည့်ပီး မျက်နှာများ မဲ့ထားမလား။ဒါမှမဟုတ် အခု တွဲနေတဲ့ တစ်ယောက် လက်မောင်းကိုပဲ ကျစ်နေအောင်ဖက်ပြီး စပ်ဖြီးဖြီးနေမလား… စသဖြင့်ပေါ့။သမီးရည်းစားတွေ ထက် သား သမီး တွေ ရှိနေတဲ့ လင်မယားစုံတွဲတွေဆို ဘယ်လို လုပ်ကြမလဲ။ မျက်နှာချင်းဆိုင်လို့တောင် ဖြစ်ပါ့မလား။

⛔ ကျွန်တော် Five-O ဆိုတဲ့ ဇတ်လမ်းတွဲ ကိုအတော် ကြိုက်ပါတယ်။ ဟာဝိုင်အီ ရဲ စုံထောက် ဇတ်လမ်းတွဲပါ။ အဲထဲမှာ မိသားစု ပြသနာ၊လူမှုရေး ပြသနာလေးတွေလည်း ခပ်ပါးပါး ထည့် ရိုက်ကူးတင်ဆက်တတ်ပါတယ်။ အဲအထဲက ဇတ်ဝင်ခန်းတစ်ခုက ကျွန်တော့အတွက် စဥ်းစားစရာတွေ ဖြစ်စေခဲ့တယ်။ လမ်းခွဲ ပြီးသူတွေ အဲလို ဆက်ဆံရေးလုပ်နိုင်ကြသလားပေါ့။

⛔ ရုပ်ရှင် ဇာတ်လမ်း တွေ ကို ကြည့်ဖြစ်တဲ့ အခါ သူတို့ရဲ့ အလေ့အထ ဓလေ့ စရိုက် ကိုလည်း လေ့လာစောင့်ကြည့် သုံးသပ်မိတာ အကျင့်ပါနေတယ်။။ သူတို့ ပြောဆိုဆက်ဆံပုံတွေ စိတ်သဘောထားအခြေခံလေးတွေကိုလည်း အမြဲ ဂရုတစိုက်ကြည့်ဖြစ်ပါတယ်။

⛔ စုံထောက် တစ်ယောက်က သူ့သမီးကို လာတွေ့တယ်။ သူ့ဇနီးနဲ့တော့ ကွာရှင်းထားတယ်။ တရားရုံးဆုံးဖြတ်ချက်အရ မိခင်က သမီးကိုစောင့်ရှောက်ခွင့်ရတယ်။ ဇနီးက နောက်အိမ်ထောင်ပြုထားတယ်.။ တစ်ခု ဆိုးတာက သူတို့ဆီမှာ စိတ်သဘောထားမတိုက်ဆိုင်ရင် ၊ ညှိနိုင်းမရတော့ရင် လမ်းခွဲကြတာများတယ်။ ကလေးတွေ မြေဇာပင်ဖြစ်ရတယ်. ။ဒါပေမယ့် ဥပဒေ အဆုံး အဖြတ် ကို ကျေကျေနပ်နပ် လက်ခံတတ်ကြတယ်။ အခုလည်း ဥပဒေ အဆုံးအဖြတ်အရ အဖေက သမီးကို တစ်ပတ် တစ်ကြီမ် တွေ့ခွင့် ရှိတယ်။ ဇာတ်ဝင်ခန်းလေးတစ်ကွက်ကို Detail ဖော်ပြပေးချင်ပါတယ်. ။ ⛔ အဖေ ဖြစ်သူ ရဲက ရဲကားနဲ့ အလုပ် အားချိန် ဇနီးဟောင်း အိမ်ရှေ့ကို ရောက်လာတယ်။ ကားရပ်တယ်။ ကားပေါ်က ဆင်းပြီး အိမ်ရှေ့မှာပဲ ကားကိုမှီပီး ရပ်နေတယ်။ခြံထဲ မဝင်ဘူး။ ဇနီးနဲ့ သမီး ထွက်လာတယ်။ သမီးက အဖေ ကို ပြေးဖက်တယ်။ အမေက သိပ်နောက်မကျအောင် ပြန်လာဘို့ လှမ်းမှာ တယ်. ။ ထွက်သွားကြတယ်။ ကမ်းခြေမှာ သွားလည်ကြတယ်။ ဆော့ကြတယ်။ ရေခဲမုန့် စားကြတယ်။ လိမ်လိမ်မာမာနေဖို့မှာတယ်။ ညနေကျ ပြန်လာတယ်။ ⛔ အိမ်ရှေ့မှာ ကားရပ်တယ်။ သမီးက အမေဆီ ပြန်သွားတယ်။အိမ်ရှေ့ဝရန်ဒါ ရောက်တော့ အမေက သမီးကို ဖက်ရင်းလှမ်းကြည့်နေတယ်။ သူ့ နောက် ယောက်ကျားကလည်း သူတို့ အနီးမှာ ရှိနေတယ်. ။ ကားလမ်း ပေါ်မှာ ၇ပ်နေတဲ့ ရဲက "ဟိုင်း "လို့ စပြီး လှမ်းလက်ပြ နုတ်ဆက်လိုက်တယ်။ နောက် ယောက်ကျားဖြစ်သူကလည်း "ဟိုင်း"လို့ ပြန် လက်ပြ နုတ်ဆက်ပါတယ်။ တစ်ဘက်က သမီးပြန်လာပို့တဲ့ ယောက်ကျားဟောင်း၊ တက်ဘက် က မိသားစု အသိုက် အမြုံ အသစ်၊ အလယ်မှာခြံ စည်းရိုး။ အဲချိန်မှာ ယောက်ကျားသစ်က သူ့ဇနီးကို ကပ်ပြောလိုက်တယ်။ "မင်း သွားနုတ်ဆက်ချင်ရင် နုတ်ဆက်လိုက်ပါ။ပြောစရာ ရှိရင်ပြောပါ" သူ့ဇနီးကလည်း "ကျေးဇူးတင်ပါတယ် "ဆိုပြီး ထွက်လာပါတယ်။ အိမ်ရှေ့လမ်းမပေါ် လင်မယားဟောင်းတွေ တွေ့ကြပါပြီ ။ တစ်ဘက်က သမီးနဲ့ ဒုတိယခင်ပွန်း က အိမ်ပေါ်ကနေ ခပ်ဝေးဝေးက လှမ်းကြည့်နေကြတယ်။ သူတို့ ပြောစကားတွေ ကို မကြား ရလောက်ဘူး။ ဇနီးဟောင်းက စပြောတယ်.....

“ရှင် အဆင်ပြေရဲ့လား”
“ပြေပါတယ် ၊ ဒီလိုပါပဲ “

လို့ ပြန်ဖြေတယ်။ နောက်တစ်ခွန်းထပ်ပြောတယ်။

“ရှင် အရက် တွေ သိပ် မသောက်ပါနဲ့တော့”

” အိုကေပါ “

⛔ ဒီလောက်ပါပဲ။ ဇနီးဟောင်း ပြန်ထွက်လာတယ်။ ရဲက အားလုံး ကို လက်ပြနုတ်ဆက်ပြီး ပြန်ထွက်သွားတယ်။ ဇာတ်ကွက်က ဒီလောက်ပါပဲ။ အဲဒီမှာ ကျွန်တော် စဉ်းစား စရာတွေအများကြီးဖြစ်လာတယ်။ အဲလောက် သဘော,ထားကြီးနိုင်လားပေါ့။ သူ့ဇနီးနဲ့ နောက်အိမ်ထောင်ပြုနေသူ၊ တစ်ဘက်ကလည်း အခု ယူလားတဲ့ဇနီးရဲ့ အရင်ယောက်ကျား ၊ မကြည့်နိုင် မမြင်နိုင်စရာ လူတွေ ပါပဲ။ ဒါပေမယ့် ဥပဒေ အရ ခွင့်ပြုထားတာကြောင့် လက်ခံ လိုက်နာကြတယ်။ ဇနီးသည်အပေါ်မှာလည်း ယုံကြည်မှုနဲ့ ခွင့်ပြုပေးတယ်။ ဇနီးသည်ကလည်း ပြောစရာ ရှိတာ ပြောတယ် မှာတယ်။

⛔ ရန်သူတွေ လိုမသတ်မှတ်ကြဘူး။ အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲခဲ့ ကြပေမယ့် လူသားဆန်တဲ့ သံယောဇဉ် တရားကိုတော့ ထုတ်ဖော် ပြောဆိုနိုင်ကြသေးတယ်။ အမြင်မတူ အသွင်မတူပေမယ့် စကားပြောနိုင်ကြသေးတယ်။ ကိုယ့် စည်းကိုစောင့်ကြတယ် ။ ကိုယ့်ဘောင်ထဲကနေ ကိုယ် နေထိုင် ပြောဆိုနိုင်ကြပါသေးတယ်။(ဒီနေရာမှာ လင်မယားတွေ ကွာရှင်းတာ နောက်အိမ်ထောင်တွေ ပြုကြတာ တွေကို ကျွန်တော် သိပ်မကြိုက်ပါဘူး။ အားပေးချင်တဲ့ သဘောလည်းမဟုတ်ပါဘူး။ ) ⛔ ကျွန်တော် တို့ အတုယူ လေးစားသင့်တာကတော့ အခြေအနေအရ ခွဲကြရပီဆိုရင်တော့ တရားဥပဒေရဲ့ အဆုံးအဖြတ်ကို ခံယူလုပ်ဆောင်တတ်တဲ့ ဓလေ့ကိုပါပဲ။ ပီးတော့ အမြင် အသွင်မတူပေမယ့် အပြန်အလှန်လေးစားစွာ ဆက်ဆံပေးတဲ့ စိတ်၊တန်းတူရည်တူ ဆက်ဆံသဘောထားပေးစိတ်၊အခွင့်အရေး ပိုမယူလိုစိတ်၊ နားလည်ခွင့်ပြုပေးမှုအပေါ် နားလည် အသိအမှတ်ပြု စိတ် စတဲ့ စိတ်နေ စိတ်ထားတွေ ကို သဘောကျ လေးစား မိပါတယ်။ ⛔ ရုပ်ရှင်ဖြစ်လို့ အိုဗာအက်တင်တွေ ဘာတွေနဲ့ ဇာတ်လမ်းထွင်ပြီးရိုက်ပြတာလည်းဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် သူတို့ လူနေမှူ စရိုက် နဲ့ အနီးစပ်ဆုံးတော့ ရှိမယ် လို့ ယုံကြည်ပါတယ်။

⛔ “တို့ယဥ်‌ကျေးမှုနဲ့ မကိုက်ဘူး၊ တို့တွေက အဲလောက်မျက်နှာမပြောင်နိုင်ဘူး၊တို့က မုန်းပြီဆိုရင် လှည့်ကိုမကြည့်ချင်တော့ဘူး “ဆိုတဲ့ အတွေးတွေလည်း ရှိနိုင်ပါတယ်။ စိတ်ဒဏ်ရာတွေကြောင့် အကြိတ်အခဲတွေကို လွယ်လွယ်နဲ့ ချေဖျက်ဖို့ အလွန်ခက်ခဲတတ်တယ်ဆိုတာလည်း နားလည်ပါတယ်။

⛔ ကိုယ့်ကို မလိုအပ်တော့ဘူးဆိုတဲ့ လူတစ်ယောက်အတွက် ခံစားပေးမနေတာက အကောင်းဆုံးပါ။ကိုယ့်ဘဝကို ကိုယ်ပို ရဂုစိုက်ရတော့မှာဖြစ်ပါတယ်။သ‌ ဘောထားချင်းညှိမရတော့လို့ ကိုယ်က လမ်းခွဲခဲ့ရတယ်ဆိုရင်လည်း ကိုယ့်ဘဝရှေ့ရေးကို ပိုအာရုံစိုက်ရမှာပဲဖြစ်ပါတယ်။ သမီးရည်းစားဖြစ်ဖြစ်၊လင်မယားဖြစ်ဖြစ်၊အဖွဲ့အစည်းချင်းပဲဖြစ်ဖြစ် အမုန်းတရားတွေနဲ့ မကျေနပ်မှုတွေ ရှိခဲ့ကြပေမယ့် လူ လူချင်းနားလည်စာနာမှူ အပြန်လှန်ရှိမယ် ၊ လိုလားချက်တွေကို စကားပြောဆိုဆွေးနွေးနိုင်ကြမယ်၊ ဥပဒေကို လေးစားကြမယ်ဆိုရင်တော့ ယဉ်ကျေးတဲ့ ဒီမိုကရေစီ လူမှုအသိုက်အဝန်းတစ်ခု ဖြစ်ပေါ်လာမှာပါ။

⛔ လမ်းခွဲ ပြီး ပေမယ့် မဖြစ်မနေ စကားပြောရ တော့မယ်ဆိုရင် တည်တည်ငြိမ်ငြိမ်နဲ့ လူကြီးလူကောင်းဆန်ဆန် ဆက်ဆံနိုင်ပေး ကြမယ်ဆိုရင်ပိုရင့် ကျက်တဲ့ သဘောကို ဆောင်နိုင်ကြမှာပါ။ ကျွန်တော်တို့မှာ အနုတ်လက္ခဏာ ခံစားချက်တွေ အစား အပေါင်းလက္ခဏာ ခံစားချက်များပိုမို များပြားလာအောင် ဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။။အချိန်ယူပြီးတော့ ကြိုးစား ကြရဦးမှာပါ။.

ကျေးဇူးတင်ပါတယ်

ရဲထွဋ်ခေါင်

Zawgyi Version….

ရည္းစားေဟာင္းနဲ႔ျပန္ေတြ႕တဲ့အခါဘယ္လိုဆက္ဆံသင့္သလဲ

⛔ ခုတေလာ… လမ္းခြဲတာေတြ အရမ္းမ်ားလာတယ္။ ႏိုင္ငံတကာမွာလည္း ရွိတယ္။ ကိုယ့္ပတ္ဝန္းက်င္ မွာလည္း ရွိေနတယ္။

⛔ စံျပ အျဖစ္ အကုန္အားက်ေနခဲ့ၾကရတဲ့ ဘရတ္ပစ္ တို႔ အိမ္ဂ်လီနာဂ်ိဳလီ တို႔ ေတာင္ တရားအျပန္အလွန္ဆြဲကုန္ၾကၿပီ။ ေရာ္နယ္ဒို တို႔လည္း လမ္းခြဲ။ ေဆာင္းေဟဂ်ိဳ တို႔ မမ နဲ႔ ေမာင္ေလး ကိုးရီးယားတြဲ လည္း ခြဲသြားပီ။သူတို႔စုံတြဲ႐ုပ္တုနဲ႔ ထုလုပ္ ဂုဏ္ျပဳခဲ့တဲ့ ပန္းၿခံေတာင္ ဘယ္လိုလုပ္ရမလဲ ျပန္တိုင္ပင္ေနၾကရပီ။⛔ ဂ်ာနယ္လစ္ေတြ ကလည္း အခ်စ္စစ္ဆိုတာ တကယ္မရွိေတာ့ ဘူး ဘာညာ ေပါ့။ဂ်ာနယ္ေတြမွာ ေရးသားလာရတဲ့အထိ Idol ေတြထဲက လုံးဝ မထင္မွတ္သူေတြ လမ္းခြဲ ခဲ့ၾကတယ္။

⛔ ျမန္မာမွာလည္းအေတာ္ မ်ားမ်ားလမ္းခြဲၾကတယ္။သင္ဇာတို႔၊ေနျခည္ဦးတို႔ လည္း ခြဲၾကတယ္။ သေဘာထားမတိုက္ဆိုင္ေတာ့ဘူး၊မျဖစ္ႏိုင္တာ ေတာင္းဆိုတယ္ ဘာညာေပါ့။ေလာ ေလာဆယ္ သူရိယနဲ႔ ဆုအိမ့္စံတို႔ လည္း ခြဲလာၾကတယ္​ၾကားရျပန္တယ္။တ ရားေတာင္စြဲၾကမယ္လို႔လည္း ၾကားေနရတယ္။ အျခားလမ္းခြဲတာေတြလည္းအမ်ားႀကီးရွိ​ ေနမွာပါ။ဒါေတြကသိပ္ အထူးဆန္းႀကီးေတာ့ မဟုတ္ပါဘူး။ ဆယ္လီေတြ ဆိုေတာ့ ဂ်ာနယ္ မဂၢဇင္းေတြ အႀကိဳက္လည္းျဖစ္သလို လူမႉကြန္ယက္သတင္းေတြ မွာလည္း ပိုေနရာ ယူတာေပါ့။အခ်ိဳ႕ဆို လူစိတ္ဝင္စားေအာင္ သတင္းမွား ခ်ေပးတာမ်ိဳးေတာင္ရွိတယ္။

⛔ မိုက္ကယ္ဂ်က္ဆင္ဆိုလည္း လူေတြ ပါးစပ္ဖ်ားမွာ ေရပန္းစားမႉက အဆင့္တစ္ကေန က်ဆင္းလာလို႔ ဆယ္ေက်ာ္သက္ ကေလးတစ္ေယာက္ နဲ႔ ဘာညာ ဘာညာ ဆိုၿပီး ျပသနာေတြ တက္ၾကေသးတယ္။ အႀကံေပးတစ္ခ်ိဳ႕ရဲ႕ အႀကံေပးခ်က္အတိုင္းစတန႔္ထြင္တယ္လို႔ယူဆသူေတြ ရွိတယ္။ ဂြၽန္လြင္ကလည္း ေျပာဖူးေသးတယ္။ လူေတြ သူ႔ကိုဆဲေနၾကတယ္ဆိုတာ သူ႔ကိုလူေတြ မေမ့ေသးတဲ့သေဘာပဲတဲ့။သူအႏုပညာေလာကမွာ ဆက္ေနလို႔ရေသးတယ္တဲ့။ လူေတြ စိတ္ဝင္စားၾကေသးလို႔ သူေအာင္ျမင္တယ္လို႔ေတာင္‌ ယူဆေနတာရွိပါတယ္။ႏွလုံးသားေရးရာေတြ၊အပုတ္သတင္း ေတြ၊ အတင္းအဖ်င္းေတြ ကို စိတ္ဝင္ စားတတ္ၾကတာ လူ႔သေဘာသဘာဝတစ္ခုလို ျဖစ္ေနပါၿပီ။

⛔ ငယ္သူေတြဆိုပိုဆိုးတာေပါ့။ စိတ္ခံစားမႈ အရ ငယ္႐ြယ္သူအမ်ားစုဟာ အခ်စ္ကလည္း မတည္ၿငိမ္တတ္ေသးဘူး။ အမုန္းဆိုတာလည္း မတည္ၿငိမ္တတ္ေသးဘူးေလ။ သိပ္ မုန္းတာပဲဆို​ ေပမယ့္ ျပန္ခ်စ္သြားတတ္ေသးတယ္။ ထားပါေတာ့။ အခန္႔မသင့္ရင္ လမ္းခြဲၾကတတ္တာပါပဲ။ ကိုယ့္ခ်စ္သူေဖာက္ျပန္သြားရင္ လမ္းခြဲတတ္ၾကသလို ကိုယိက ပိုခ်စ္တဲ့သူေတြ႕မိျပန္ရင္လည္း စြန႔္လြတ္ထားခဲ့ၾကတတ္တာပါပဲ။ဘယ္ေလာက္ခ်စ္တယ္ ေျပာေျပာ အေျခအေနတစ္ခုမွာ လမ္းခြဲသြားတတ္တာလည္း သဘာဝတစ္ခုပါ။

⛔ ကြၽန္ေတာ္ ေျပာ ခ်င္တာက လမ္းခြဲ ၿပီး လို႔ တစ္ေနေနရာမွာ ျပန္ေတြ႕ရင္ဘယ္လိုေနၾကမလဲ။ဘယ္လိုဆက္ဆံၾကမလဲ။ေန ခက္ႀကီးေနမွာ။ ဟိုဘက္လွည့္ပီး မ်က္ႏွာမ်ား မဲ့ထားမလား။ဒါမွမဟုတ္ အခု တြဲေနတဲ့ တစ္ေယာက္ လက္ေမာင္းကိုပဲ က်စ္ေနေအာင္ဖက္ၿပီး စပ္ၿဖီးၿဖီးေနမလား… စသျဖင့္ေပါ့။သမီးရည္းစားေတြ ထက္ သား သမီး ေတြ ရွိေနတဲ့ လင္မယားစုံတြဲေတြဆို ဘယ္လို လုပ္ၾကမလဲ။ မ်က္ႏွာခ်င္းဆိုင္လို႔ေတာင္ ျဖစ္ပါ့မလား။

⛔ ကြၽန္ေတာ္ Five-O ဆိုတဲ့ ဇတ္လမ္းတြဲ ကိုအေတာ္ ႀကိဳက္ပါတယ္။ ဟာဝိုင္အီ ရဲ စုံေထာက္ ဇတ္လမ္းတြဲပါ။ အဲထဲမွာ မိသားစု ျပသနာ၊လူမႈေရး ျပသနာေလးေတြလည္း ခပ္ပါးပါး ထည့္ ႐ိုက္ကူးတင္ဆက္တတ္ပါတယ္။ အဲအထဲက ဇတ္ဝင္ခန္းတစ္ခုက ကြၽန္ေတာ့အတြက္ စဥ္းစားစရာေတြ ျဖစ္ေစခဲ့တယ္။ လမ္းခြဲ ၿပီးသူေတြ အဲလို ဆက္ဆံေရးလုပ္ႏိုင္ၾကသလားေပါ့။

⛔ ႐ုပ္ရွင္ ဇာတ္လမ္း ေတြ ကို ၾကည့္ျဖစ္တဲ့ အခါ သူတို႔ရဲ႕ အေလ့အထ ဓေလ့ စ႐ိုက္ ကိုလည္း ေလ့လာေစာင့္ၾကည့္ သုံးသပ္မိတာ အက်င့္ပါေနတယ္။။ သူတို႔ ေျပာဆိုဆက္ဆံပုံေတြ စိတ္သေဘာထားအေျခခံေလးေတြကိုလည္း အၿမဲ ဂ႐ုတစိုက္ၾကည့္ျဖစ္ပါတယ္။

⛔ စုံေထာက္ တစ္ေယာက္က သူ႔သမီးကို လာေတြ႕တယ္။ သူ႔ဇနီးနဲ႔ေတာ့ ကြာရွင္းထားတယ္။ တရား႐ုံးဆုံးျဖတ္ခ်က္အရ မိခင္က သမီးကိုေစာင့္ေရွာက္ခြင့္ရတယ္။ ဇနီးက ေနာက္အိမ္ေထာင္ျပဳထားတယ္.။ တစ္ခု ဆိုးတာက သူတို႔ဆီမွာ စိတ္သေဘာထားမတိုက္ဆိုင္ရင္ ၊ ညႇိႏိုင္းမရေတာ့ရင္ လမ္းခြဲၾကတာမ်ားတယ္။ ကေလးေတြ ေျမဇာပင္ျဖစ္ရတယ္. ။ဒါေပမယ့္ ဥပေဒ အဆုံး အျဖတ္ ကို ေက်ေက်နပ္နပ္ လက္ခံတတ္ၾကတယ္။ အခုလည္း ဥပေဒ အဆုံးအျဖတ္အရ အေဖက သမီးကို တစ္ပတ္ တစ္ႀကီမ္ ေတြ႕ခြင့္ ရွိတယ္။ ဇာတ္ဝင္ခန္းေလးတစ္ကြက္ကို Detail ေဖာ္ျပေပးခ်င္ပါတယ္. ။ ⛔ အေဖ ျဖစ္သူ ရဲက ရဲကားနဲ႔ အလုပ္ အားခ်ိန္ ဇနီးေဟာင္း အိမ္ေရွ႕ကို ေရာက္လာတယ္။ ကားရပ္တယ္။ ကားေပၚက ဆင္းၿပီး အိမ္ေရွ႕မွာပဲ ကားကိုမွီပီး ရပ္ေနတယ္။ၿခံထဲ မဝင္ဘူး။ ဇနီးနဲ႔ သမီး ထြက္လာတယ္။ သမီးက အေဖ ကို ေျပးဖက္တယ္။ အေမက သိပ္ေနာက္မက်ေအာင္ ျပန္လာဘို႔ လွမ္းမွာ တယ္. ။ ထြက္သြားၾကတယ္။ ကမ္းေျခမွာ သြားလည္ၾကတယ္။ ေဆာ့ၾကတယ္။ ေရခဲမုန႔္ စားၾကတယ္။ လိမ္လိမ္မာမာေနဖို႔မွာတယ္။ ညေနက် ျပန္လာတယ္။ ⛔ အိမ္ေရွ႕မွာ ကားရပ္တယ္။ သမီးက အေမဆီ ျပန္သြားတယ္။အိမ္ေရွ႕ဝရန္ဒါ ေရာက္ေတာ့ အေမက သမီးကို ဖက္ရင္းလွမ္းၾကည့္ေနတယ္။ သူ႔ ေနာက္ ေယာက္က်ားကလည္း သူတို႔ အနီးမွာ ရွိေနတယ္. ။ ကားလမ္း ေပၚမွာ ရပ္ေနတဲ့ ရဲက "ဟိုင္း "လို႔ စၿပီး လွမ္းလက္ျပ ႏုတ္ဆက္လိုက္တယ္။ ေနာက္ ေယာက္က်ားျဖစ္သူကလည္း "ဟိုင္း"လို႔ ျပန္ လက္ျပ ႏုတ္ဆက္ပါတယ္။ တစ္ဘက္က သမီးျပန္လာပို႔တဲ့ ေယာက္က်ားေဟာင္း၊ တက္ဘက္ က မိသားစု အသိုက္ အၿမဳံ အသစ္၊ အလယ္မွာၿခံ စည္း႐ိုး။ အဲခ်ိန္မွာ ေယာက္က်ားသစ္က သူ႔ဇနီးကို ကပ္ေျပာလိုက္တယ္။ "မင္း သြားႏုတ္ဆက္ခ်င္ရင္ ႏုတ္ဆက္လိုက္ပါ။ေျပာစရာ ရွိရင္ေျပာပါ" သူ႔ဇနီးကလည္း "ေက်းဇူးတင္ပါတယ္ "ဆိုၿပီး ထြက္လာပါတယ္။ အိမ္ေရွ႕လမ္းမေပၚ လင္မယားေဟာင္းေတြ ေတြ႕ၾကပါၿပီ ။ တစ္ဘက္က သမီးနဲ႔ ဒုတိယခင္ပြန္း က အိမ္ေပၚကေန ခပ္ေဝးေဝးက လွမ္းၾကည့္ေနၾကတယ္။ သူတို႔ ေျပာစကားေတြ ကို မၾကား ရေလာက္ဘူး။ ဇနီးေဟာင္းက စေျပာတယ္.....

“ရွင္ အဆင္ေျပရဲ႕လား”
“ေျပပါတယ္ ၊ ဒီလိုပါပဲ “

လို႔ ျပန္ေျဖတယ္။ ေနာက္တစ္ခြန္းထပ္ေျပာတယ္။

“ရွင္ အရက္ ေတြ သိပ္ မေသာက္ပါနဲ႔ေတာ့”

” အိုေကပါ “

⛔ ဒီေလာက္ပါပဲ။ ဇနီးေဟာင္း ျပန္ထြက္လာတယ္။ ရဲက အားလုံး ကို လက္ျပႏုတ္ဆက္ၿပီး ျပန္ထြက္သြားတယ္။ ဇာတ္ကြက္က ဒီေလာက္ပါပဲ။ အဲဒီမွာ ကြၽန္ေတာ္ စဥ္းစား စရာေတြအမ်ားႀကီးျဖစ္လာတယ္။ အဲေလာက္ သေဘာ,ထားႀကီးႏိုင္လားေပါ့။ သူ႔ဇနီးနဲ႔ ေနာက္အိမ္ေထာင္ျပဳေနသူ၊ တစ္ဘက္ကလည္း အခု ယူလားတဲ့ဇနီးရဲ႕ အရင္ေယာက္က်ား ၊ မၾကည့္ႏိုင္ မျမင္ႏိုင္စရာ လူေတြ ပါပဲ။ ဒါေပမယ့္ ဥပေဒ အရ ခြင့္ျပဳထားတာေၾကာင့္ လက္ခံ လိုက္နာၾကတယ္။ ဇနီးသည္အေပၚမွာလည္း ယုံၾကည္မႈနဲ႔ ခြင့္ျပဳေပးတယ္။ ဇနီးသည္ကလည္း ေျပာစရာ ရွိတာ ေျပာတယ္ မွာတယ္။

⛔ ရန္သူေတြ လိုမသတ္မွတ္ၾကဘူး။ အေၾကာင္းမတိုက္ဆိုင္လို႔ လမ္းခြဲခဲ့ ၾကေပမယ့္ လူသားဆန္တဲ့ သံေယာဇဥ္ တရားကိုေတာ့ ထုတ္ေဖာ္ ေျပာဆိုႏိုင္ၾကေသးတယ္။ အျမင္မတူ အသြင္မတူေပမယ့္ စကားေျပာႏိုင္ၾကေသးတယ္။ ကိုယ့္ စည္းကိုေစာင့္ၾကတယ္ ။ ကိုယ့္ေဘာင္ထဲကေန ကိုယ္ ေနထိုင္ ေျပာဆိုႏိုင္ၾကပါေသးတယ္။(ဒီေနရာမွာ လင္မယားေတြ ကြာရွင္းတာ ေနာက္အိမ္ေထာင္ေတြ ျပဳၾကတာ ေတြကို ကြၽန္ေတာ္ သိပ္မႀကိဳက္ပါဘူး။ အားေပးခ်င္တဲ့ သေဘာလည္းမဟုတ္ပါဘူး။ ) ⛔ ကြၽန္ေတာ္ တို႔ အတုယူ ေလးစားသင့္တာကေတာ့ အေျခအေနအရ ခြဲၾကရပီဆိုရင္ေတာ့ တရားဥပေဒရဲ႕ အဆုံးအျဖတ္ကို ခံယူလုပ္ေဆာင္တတ္တဲ့ ဓေလ့ကိုပါပဲ။ ပီးေတာ့ အျမင္ အသြင္မတူေပမယ့္ အျပန္အလွန္ေလးစားစြာ ဆက္ဆံေပးတဲ့ စိတ္၊တန္းတူရည္တူ ဆက္ဆံသေဘာထားေပးစိတ္၊အခြင့္အေရး ပိုမယူလိုစိတ္၊ နားလည္ခြင့္ျပဳေပးမႈအေပၚ နားလည္ အသိအမွတ္ျပဳ စိတ္ စတဲ့ စိတ္ေန စိတ္ထားေတြ ကို သေဘာက် ေလးစား မိပါတယ္။ ⛔ ႐ုပ္ရွင္ျဖစ္လို႔ အိုဗာအက္တင္ေတြ ဘာေတြနဲ႔ ဇာတ္လမ္းထြင္ၿပီး႐ိုက္ျပတာလည္းျဖစ္ႏိုင္ပါေသးတယ္။ ဒါေပမယ့္ သူတို႔ လူေနမႉ စ႐ိုက္ နဲ႔ အနီးစပ္ဆုံးေတာ့ ရွိမယ္ လို႔ ယုံၾကည္ပါတယ္။

⛔ “တို႔ယဥ္‌ေက်းမႈနဲ႔ မကိုက္ဘူး၊ တို႔ေတြက အဲေလာက္မ်က္ႏွာမေျပာင္ႏိုင္ဘူး၊တို႔က မုန္းၿပီဆိုရင္ လွည့္ကိုမၾကည့္ခ်င္ေတာ့ဘူး “ဆိုတဲ့ အေတြးေတြလည္း ရွိႏိုင္ပါတယ္။ စိတ္ဒဏ္ရာေတြေၾကာင့္ အႀကိတ္အခဲေတြကို လြယ္လြယ္နဲ႔ ေခ်ဖ်က္ဖို႔ အလြန္ခက္ခဲတတ္တယ္ဆိုတာလည္း နားလည္ပါတယ္။

⛔ ကိုယ့္ကို မလိုအပ္ေတာ့ဘူးဆိုတဲ့ လူတစ္ေယာက္အတြက္ ခံစားေပးမေနတာက အေကာင္းဆုံးပါ။ကိုယ့္ဘဝကို ကိုယ္ပို ရဂုစိုက္ရေတာ့မွာျဖစ္ပါတယ္။သ‌ ေဘာထားခ်င္းညႇိမရေတာ့လို႔ ကိုယ္က လမ္းခြဲခဲ့ရတယ္ဆိုရင္လည္း ကိုယ့္ဘဝေရွ႕ေရးကို ပိုအာ႐ုံစိုက္ရမွာပဲျဖစ္ပါတယ္။ သမီးရည္းစားျဖစ္ျဖစ္၊လင္မယားျဖစ္ျဖစ္၊အဖြဲ႕အစည္းခ်င္းပဲျဖစ္ျဖစ္ အမုန္းတရားေတြနဲ႔ မေက်နပ္မႈေတြ ရွိခဲ့ၾကေပမယ့္ လူ လူခ်င္းနားလည္စာနာမႉ အျပန္လွန္ရွိမယ္ ၊ လိုလားခ်က္ေတြကို စကားေျပာဆိုေဆြးေႏြးႏိုင္ၾကမယ္၊ ဥပေဒကို ေလးစားၾကမယ္ဆိုရင္ေတာ့ ယဥ္ေက်းတဲ့ ဒီမိုကေရစီ လူမႈအသိုက္အဝန္းတစ္ခု ျဖစ္ေပၚလာမွာပါ။

⛔ လမ္းခြဲ ၿပီး ေပမယ့္ မျဖစ္မေန စကားေျပာရ ေတာ့မယ္ဆိုရင္ တည္တည္ၿငိမ္ၿငိမ္နဲ႔ လူႀကီးလူေကာင္းဆန္ဆန္ ဆက္ဆံႏိုင္ေပး ၾကမယ္ဆိုရင္ပိုရင့္ က်က္တဲ့ သေဘာကို ေဆာင္ႏိုင္ၾကမွာပါ။ ကြၽန္ေတာ္တို႔မွာ အႏုတ္လကၡဏာ ခံစားခ်က္ေတြ အစား အေပါင္းလကၡဏာ ခံစားခ်က္မ်ားပိုမို မ်ားျပားလာေအာင္ ေဆာင္႐ြက္ၾကဖို႔ အေရးႀကီးပါတယ္။။အခ်ိန္ယူၿပီးေတာ့ ႀကိဳးစား ၾကရဦးမွာပါ။.

ေက်းဇူးတင္ပါတယ္

ရဲထြဋ္ေခါင္

Photo crd.internet

Photo crd.internet

Design a site like this with WordPress.com
Get started